သာသနာရေးဆိုင်ရာ အနာဂတ်ဟောကိန်းများ (အပိုင်း~၃)
~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယနေ့ခေတ်တွင် သာသနာ၌ ရဟန်းအရေအတွက်သာမက အရည်အချင်းပါ ကျဆင်းလာခဲ့၏။
အကြောင်းရှိ၍ အကျိုးဖြစ်ပေါ်လာခြင်းသာ ဖြစ်၏။
ဗုဒ္ဓဒေသနာတော်အရ လောကတွင် အကြောင်းမဲ့ ဖြစ်လာသော အရာဟူ၍ မရှိစကောင်း။
ယခု သာသနာတွင်လည်း ရဟန်းအရေအတွက် နည်းလာခြင်းနှင့် အရည်အချင်းနည်းလာရခြင်းအတွက်လည်း အကြောင်းက ရှိနေသည်သာ။
ထိုအကြောင်းကို ရှာ၍ မပြုပြင်ကြလျှင် မြန်မာနိုင်ငံတွင် သာသနာကွယ်သွားမည်သာ ဖြစ်၏။
သို့ဖြစ်၍ အနာဂတ်သာသနာတွင် ဘေးကြီး ၅~မျိုး ဖြစ်လာနိုင်ကြောင်းကို အဂုင်္တ္တိုရ်ပါဠိတော် ပဉ္စကနိပါတ်၊ တတိယအနာဂတဘယသုတ်၌ မြတ်စွာဘုရား မိန့်မှာတော်မူခဲ့ဖူး၏။
ပထမအနာဂတ်ဘေး
~~~~~~~~~~~~
~~~~~~~~~~~~
အနာဂတ်ကာလ၌ ရဟန်းတို့သည် ကိုယ်တိုင်က သီလ သမာဓိ ပညာ မရှိကုန်ဘဲ (ကျောင်းထိုင်လျက် ) အခြားသူတို့ကို ရဟန်းဝတ်ပေးကြလိမ့်မည်။
ထိုအခါ သီလ သမာဓိ ပညာနှင့် စပ်လျဉ်း၍ ဆုံးမနိုင်ကြလိမ့်မည် မဟုတ်။
ထိုတပည့်ရဟန်းတို့ကလည်း သီလ သမာဓိ ပညာအရည်အချင်း ကင်းမဲ့လျက် ကျောင်းထိုင်ပြီး အခြားသူတို့ကို ရဟန်းပြုပေးကြလိမ့်မည်။
ထိုတပည့်တို့သည်လည်း သီလ သမာဓိ ပညာနှင့် စပ်လျဉ်း၍ ဆုံးမနိုင်ကြလိမ့်မည် မဟုတ်။
ဤသို့ဖြင့် သမထဝိပဿနာကင်းမဲ့ခြင်းကြောင့် ဝိနည်းပျက်ကြလိမ့်မည်။
ဝိနည်းပျက်ခြင်းကြောင့်လည်း သမထဝိပဿနာတရား ပျက်စီးလိမ့်မည်။
ဤအနာဂတ်ဘေးကို သဘောပေါက်နားလည်အောင် ကြိုးစားကြရမည်။
နားလည်ပြီး၍ ထိုဘေးဆိုးမျိုး မဖြစ်ရအောင် ကြိုးစားကြရမည် ဟူ၍ ဘုရားမြတ်စွာ မိန့်တော်မူခဲ့၏။
ဒုတိယအနာဂတ်ဘေး
~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~
အနာဂတ်ကာလ၌ ရဟန်းတို့သည် ကိုယ်တိုင်က သီလ သမာဓိ ပညာ မရှိကုန်ဘဲ (ကျောင်းထိုင်လျက် ) အခြားသူတို့ကို ဆရာလုပ်ကြလိမ့်မည်။
ထိုအခါ သီလ သမာဓိ ပညာနှင့် စပ်လျဉ်း၍ ဆုံးမနိုင်ကြလိမ့်မည် မဟုတ်။
ထိုတပည့်ရဟန်းတို့ကလည်း သီလ သမာဓိ ပညာအရည်အချင်း ကင်းမဲ့လျက် ကျောင်းထိုင်ပြီး အခြားသူတို့ကို ဆရာလုပ်ကြလိမ့်မည်။
ထိုတပည့်တို့သည်လည်း သီလ သမာဓိ ပညာနှင့် စပ်လျဉ်း၍ ဆုံးမနိုင်ကြလိမ့်မည် မဟုတ်။
ဤသို့ဖြင့် သမထဝိပဿနာကင်းမဲ့ခြင်းကြောင့် ဝိနည်းပျက်ကြလိမ့်မည်။
ဝိနည်းပျက်ခြင်းကြောင့်လည်း သမထဝိပဿနာတရား ပျက်စီးလိမ့်မည်။
ဤအနာဂတ်ဘေးကို သဘောပေါက်နားလည်အောင် ကြိုးစားကြရမည်။
နားလည်ပြီး၍ ထိုဘေးဆိုးမျိုး မဖြစ်ရအောင် ကြိုးစားကြရမည် ဟူ၍ ဘုရားမြတ်စွာ မိန့်တော်မူခဲ့၏။
ထိုအနာဂတ်ဘေးကြီးသည် မြန်မာနိုင်ငံ၌ ဆိုက်ရောက်နေပြီ ဟု မှတ်ထင်မိ၏။
တောရွာများတွင် တစ်ဝါ နှစ်ဝါရမျှဖြင့် ကျောင်းထိုင်လျက် ရှင်ပြု ရဟန်းခံများ ပြုလုပ်ပေးလျက် ရှိကြရာ ထိုပုဂ္ဂိုလ်များက တပည့်များကို မည်သို့ ဆုံးမကြမည်နည်း?
ထိုသူတို့၏ တပည့်များ မည်သို့ အရည်အချင်း ပြည့်ဝလာမည်နည်း?
အရည်အချင်းမရှိသော ပုဂ္ဂိုလ်များ သာသနာတွင် စုဝေးလာခြင်းသည် ကောင်းသည် ဟု ဆိုနိုင်မည်လား?
အရည်အချင်းမရှိသူတို့နှင့် သာသနာ မည်သို့ ခရီးဆက်မည်နည်း?
သီလပျက်စီးခြင်းကြောင့် တရားပျက်စီး၏ ၊ တရားပျက်စီးခြင်းကြောင့် သီလပျက်စီး၏ ဟူသော ဘုရား၏ အဆုံးအမကို အလေးအနက်ထားသင့်လှ၏။
ထိုအဆုံးအမသည် ဤအရည်အချင်းမရှိဘဲ အရေအတွက်များလာခြင်း ဟု ဆိုအပ်သော အနာဂတ်ဘေးဆိုးကြီးကို ဖြေရှင်းရန် နည်းလမ်းပင် ဖြစ်၏။
သီလနှင့် တရား၊ တရားနှင့် သီလ အပြန်အလှန် ထိန်းကျောင်းလျက် ရှိ၏။
သီလကြောင့် တရားတက်၏။
တရားကြောင့် သီလမြဲ၏။
No comments:
Post a Comment