အခြေပြုပါဠိဘာသာ အခန်း(၁)
The Pali Alphabet
ပါဠိသရ(၈)လုံး
အ ၊ အာ ၊ ဣ ၊ ဤ ၊ ဥ ၊ ဦ ၊ ဧ ၊ သြ
ပါဠိဗျည်း (၃၃) လုံး
က ၊ ခ ၊ ဂ ၊ ဃ ၊ င
စ ၊ ဆ ၊ ဇ ၊ ဈ ၊ ဉ
ဋ ၊ ဌ ၊ ဍ ၊ ဎ ၊ ဏ
တ ၊ ထ ၊ ဒ ၊ ဓ ၊ န
ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ
ယ ၊ ရ ၊ လ ၊ ဝ ၊ သ
ဟ ၊ ဠ ၊ အံ
ဤကား ပါဠိဘာသာတွင် လာရှိသော အက္ခရာ ၄၁-လုံးတည်း။ အက္ခရာ ဟူသည် စာလုံးများကို ခေါ်ဆိုသောအမည်တစ်ခု ဖြစ်၏။ သုံးစွဲ၍ မကုန်ခန်းနိုင်သော အရာမျိုး-ဟု ဆိုလိုသည်။ ထိုအက္ခရာတို့ကို သရ၊ ဗျည်းအားဖြင့် နှစ်မျိုး နှစ်စား ခွဲခြား၍ သိရမည်။
သရများ
Vowels
အက္ခရာ ၄၁-လုံးတို့တွင် အ-အစ သြ-အဆုံးရှိသော အစ အက္ခရာ ၈-လုံးကို သရ-ဟုခေါ်၏။ မိမိတို့ချည်း သက်သက်လည်း အသံ ထွက်ပေါ်စေနိုင်သော အက္ခရာမျိုး-ဟု ဆိုလိုသည်။
ထိုသရ ၈-လုံးတို့တွင် အ၊ ဣ၊ ဥ-ဟူသော ၃-လုံးကို ရဿ-သရ ဟု ခေါ်၏။ အသံ တိုသော သရမျိုး ဟု ဆိုလိုသည်။
အာ၊ ဤ၊ ဦ၊ ဧ၊ သြ ဟူသော (၅)လုံးကို ဒီဃ-သရ ဟုခေါ်၏။ အသံရှည်သော သရမျိုး ဟု ဆိုလိုသည်။
ထို ဒီဃသရ (၅)လုံးတို့တွင် ဧ၊ သြ နှစ်လုံးမှာ ဧဝမေဝ၊ သြကာသော စသည်ဖြင့် ဒီဃအသံ (ရှည်ရှည်) ရွတ်ဆိုရသော သရမျိုး ဖြစ်သော်လည်း အဆင့် အက္ခရာတို့၏ ရှေ့ကနေသောအခါတွင်မူ ရဿအသံကဲ့သို့ (တိုတို) ရွတ်ဆိုရမည်။
ပုံစံ
ဧတ္ထ သေယျော သြဋ္ဌော သောတ္ထိ။
ဤတွင် ဧတ္ထ၊ သြဋ္ဌော-တို့ကား ဧ၊ သြ သက်သက် ပုံစံဖြစ်၍ သေယျော၊ သောတ္ထိတို့ကား ဗျည်းနှင့်ရောသော ဧ၊ သြ ပုံစံဖြစ်သည်။
ဗျည်းများ
Consonants.
အက္ခရာ ၄၁-လုံးတို့တွင် သရ ၈-လုံးတို့မှ တပါးသော က-အစ အံ-အဆုံးရှိသော ၃၃-လုံးကို ဗျည်း-ဟု ခေါ်၏။ သရအကူအညီ ရရှိမှ အသံ ထွက်ပေါ်နိုင်သော အက္ခရာမျိုးဟု ဆိုလိုသည်။
ဤ ဗျည်းတို့၏ မူလအသွင် သဏ္ဍာန်ကား က်၊ ခ်-စသည်ဖြင့် တံခွန်လွှားနှင့် ဖြစ်သည်။ ထိုတံခွန်လွှား ဗျည်းများကို ပီပီသသ အသံပြည့်စုံစွာ ထွက်ပေါ်လာအောင် ရွတ်ဆိုခြင်းငှာ မလွယ်ကူပေ။ ထို့ကြောင့် ဗျည်းတို့ကို ပြဆိုရာတွင် အရွတ်အဖတ် လွယ်ကူစေရန် တံခွန်လွှားမပါဘဲ သရနှင့်တွဲနေသော ဗျည်းများကိုပင် ပြဆိုခဲ့လေသည်။
ဗျည်း သရ တွဲပုံ
Consonants with Vowels
ဗျည်းတို့ကို သရ ၈-လုံးနှင့် တွဲပုံ သိနိုင်ရန် အောက်ပါ ပုံစံများကို ကြည့်ပါ။
| က် | အနှင့်တွဲ | (က် + ၊) | = | က |
| က် | အာနှင့်တွဲ | (က် + -ာ၊ -ါ) | = | ကာ |
| က် | ဣနှင့်တွဲ | (က် + --ိ) | = | ကိ |
| က် | ဤနှင့်တွဲ | (က် + --ီ) | = | ကီ |
| က် | ဥနှင့်တွဲ | (က် + --ု) | = | ကု |
| က် | ဦနှင့်တွဲ | (က် + --) | = | ကူ |
| က် | ဧနှင့်တွဲ | (က် +ေ-) | = | ကေ |
| က် | သြနှင့်တွဲ | (က် + ေ-ာ၊ ေ-ါ) | = | ကော |
ဤနည်းအတိုင်း နိဂ္ဂဟိတ်ခေါ် သေးသေးတင်မှ တပါးသော ဗျည်း ၃၂-လုံးတို့၏ နောက်က သရ ၈-လုံး အသီးသီး တွဲပုံကို သိလေ။
နိဂ္ဂဟိတ်တွဲပုံ
| အနှင့် | နိဂ္ဂဟိတ်တွဲ | အံ |
| ဣနှင့် | နိဂ္ဂဟိတ်တွဲ | ဣံ |
| ဥ | နိဂ္ဂဟိတ်တွဲ | ဥံ |
မှတ်ချက် ။ ။ နိဂ္ဂဟိတ်ကိုမူကား ဤသို့ ရဿသရ ၃-လုံး၏နောက်တွင်သာ တွဲသည်။ မြန်မာစာ ရေးနည်းတွင် နိဂ္ဂဟိတ်ကို သရပေါ်မှာ ရေးလေ့ရှိသော်လည်း ရွတ်ဆိုသောအခါ သရသံ ပဌမထွက်ပေါ်သည်ကို ထောက်၍ နိဂ္ဂဟိတ်ကို နောက်တွင် တွဲသည် ဟု ဆိုရသည်။
Credit & Reference - https://www.omniglot.com/writing/pali.htm
တက္ကသိုလ်ပါဠိသဒ္ဒါ (ဆရာကြီး ဦးမြင့်ဆွေ)

No comments:
Post a Comment