Tuesday, March 26, 2019

ဝိနယဆိုင်ရာ ဖြေရှင်းချက်များ

ဘုရားရှင်​၏ ဝိနည်းပညတ်​ချက်​များကို အကြောင်းအမျိုးမျိုးပြ၊ ဆင်​ခြေပေး၍ လွန်​ကျူးချိုးဖောက်​နေသူများသည်
၁။ ဗုဒ္ဓဘာသာဝင်​ ဖြစ်​မည်​လား?
၂။ ဗုဒ္ဓဘာသာ၏ရန်​သူ ဖြစ်​မည်​လား?
ပိုစ့်တစ်ခုကို ဖြေရှင်းတာပါ စာကိစ္စနဲ့ အလုပ်များနေလို့
ဘာကြောင့်ဖြေရှင်းတယ်ဆိုတာ ရှည်ရှည်ဝေးဝေး မပြောလိုလည်းမိတ်ဆွေများ သဘောပေါက်ကြမှာပါ
အချိန်က နာရီဝက်လောက်ဘဲရပါတယ်
ကဲအခုဘဲစလိုက်ရအောင် ဖြေရှင်းမယ့် မူရင်း ပို့စ်ကို အရင်လေ့လာကြည့်ကြပါ
မူရင်း
@@@
သတ္တိရှိရင်​လာခဲ့
နေရာချင်းလဲကြရ​အောင်
•••••••\\\?????????
တိပိဋကဆရာ​တော်​ကြီးအား
ဇာတ်​ပွဲကြည့်​တဲ့ ကိုရင်​ငယ်
ရဟန်း​ငယ်​​တွေကို ဖမ်းပြီးလူဝတ်​လဲမည့်​အ​ကြောင်း
သာသနာ​တော်​ကြီးသန့်​ရှင်း​စေလို​ကြောင်း
ပုဂ္ဂိုလ်​ကြီးတစ်​ဦးက တိပိဋကဆရာ​တော်​ကြီးကို
သွား​လျှောက်​တယ်​တဲ့
ဆရာ​တော်​ကြီးက သစ်​ပင်​တစ်​ပင်​မှာ
အကာရယ်​ အရွက်​အ​ခေါက်​ရယ်
အနစ်​ရယ်​ လို့ သစ်​ပင်​တစ်​ပင်​မှာရှိရာ
ဘယ်​အရာကတန်​ဘိုးအရှိဆုံးလည်းလို့
ဒကာ​တွေကို​မေးတယ်​တဲ့
အနှစ်​သာ တန်​ဘိုးရှိ​ကြောင်း​လျှောက်​​တော့
အေး အဲ့ဒီ တန်​ဘိုးရှိတဲ့အနစ်​ဆိုတာ
အကာ အ​ခေါက်​ အရွက်​​တွေခြံရံမှ အနစ်​ဆိုတာဖြစ်​လာတာကွ
အနစ်​ကြီးပဲ​ အပင်​ပေါက်​လာတာမဟုတ်​ဘူး
ငါလည်းငယ်​စဉ်​ကဇာတ်​ပွဲကြည့်​ခဲ့တာပဲ
ခုအရွယ်​ရလာ​တော့ ငါ့​ရှေ့ဖင်​​ထောင်​ပြီးလာကရင်​ပင်
ငါမကြည့်​ချင်​​တော့ဘူး
အရွယ်​ရလာရင်​သူ့အလိုလို​ရှောင်​ကျင်​သွားကြပါလိမ့်​မယ်
မင်းတို့ အကုသိုလ်​ ဝင်​ယူစရာမလိုပါဘူးလို့
သစ်​ပင်​နဲ့ဥပမာ​ပေးပြီး တာမြစ်​​တော်​မူခဲ့တယ်​တဲ့
ဖြေရှင်း
###
တိပိဋက ဆရာတော် ပြောခဲ့တယ်လို့ ဆိုပါတယ်
ဟုတ်ကဲ့ တိပိ ဆရာတော် ဆိုတော့ သာသနာတော်မှာ ကျေးဇူးများကောင်းများနိုင်ပါတယ် ဘာဘဲဖြစ်ဖြစ် ဘယ်သူဟောစေ အမှားသည် အမှန်ဖြစ်မလာနိုင်၍ မှားပါက အမှားလို့ ဆိုရမှာပါ
ကဲဖြေရှင်းပါမယ် သူကဖော်ပြခဲ့သလို သစ်ပင်နဲ့ ဥပမာ ပေးပါတယ် ခက်တာက သာသနာတော်ဆိုတာ သစ်ပင်နဲ့ လုံးဝပုံစံတူ တည်ဆောက်ထားတာ မဟုတ်ပါဘူး
သစ်ပင်မှာ အကာကနေ အနှစ်ဖြစ်အောင်ကျင့်တာ မှန်တယ် ထို့အတူ ရဟန်းကိုရင်ငယ်တွေလဲ အဆိုးကနေ အကောင်းဖြစ်အောင်ကျင့်တာတော့ ပုံစံတူပါတယ်
သို့သော်သစ်ပင်၏ အကာသည် အနှစ်ဖြစ်စေရန် မရှိမဖြစ် ထောက်ပံ့ရသော အရာဖြစ်သော်လည်း ကိုရင် ရဟန်းတို့၏ အကျင့်ပျက်မှု ဝိနည်းမလေးစားမှု အကာသည် သာသနာတော်၏ အနှစ်ဟုဆိုအပ်သော သီလ သမာဓိ ပညာ တည်း ဟူသော သိက္ခာသုံးရပ် အနှစ်ဖြစ်ပေါ်စေရန် လုံးဝလိုအပ်သော အရာမဟုတ်
သစ်ပင် အကာသည် အနှစ်ကို ထောက်ပံ့ငြား ကိုရင်ရဟန်း တို့၏ အကျင့်ပျက်မှုသည် သာသနာ့ အနှစ် အား မဖြစ်ပေါ်စေသည့်အပြင့် ပျက်စီးစေသည်ကို မှတ်ရမည်ဖြစ်၍ ဒီနေရာကို သစ်ပင်ဥပမာနဲ့ မကိုက်ညီကြောင်း တွေ့နိုင်ပါတယ်
ဒီနေရာက နွားလို့လိုပါဘဲ မစင်ရောများရင် ရေရောများ ရင် နွားနို့ မသန့်ရှင်းနိုင်သလို ရဟန်းကိုရင်များ၏ အကျင့်ပျက်မှု အားကောင်းလေ သာသနာမသန့်ရှင့်လေ ဖြစ်ရမှာတော့ ဋိပိဆရာလည်း ငြင်းလို့မရပါဘူး
ထို့အတူ နွားနို့ကို မစင်အနဲငယ်ရော၍ အနံ့အရသာ မပျက်သေးသောကြောင့် နွားနို့ကောင်းပါသေးတယ်လို့ စိတ်သန့်သူများ ရှိနိုင်သလို စိတ်မသန့်သူလည်း ရှိမှာပါ
ကဲထားတော့ နောက်တစ်ခု ထပ်ရှင်းလိုသည်မှာ ယနေ့ ဝိနယ လိုလားသူများသည် ရဟန်းကိုရင်ငယ်တွေရဲ့ လူငယ်သဘာဝ ပွဲခိုးကြည့်ခြင်း အပျော်ကစားခြင်းများ ကို နားလည် လက်ခံပေးတယ်လို့ မဆိုလိုသော်လည်း အဓိကထား တိုက်ဖျက်နေတာမဟုတ်ပါ
ကလေးသဘာဝ ကစားကြမှာ အပြစ်မဆိုသော်လည်း လွန်ကြူးလောက်အောင် မဖြစ်စေရန်တော့ ဆရာများက ထိန်းရမှာဖြစ်ပါတယ်
ကျွန်နော်တို့ငယ်စဉ်က ရုပ်ရှင် ဇတ်ပွဲများကို ခိုးကြည့်ရတာပါ အခုတော့ ဆရာတွေကိုယ်တိုင် ပြောင်ကြည့်ကြသလို အခန်းထဲ ကြည့်ချင်ရာကြည့်လို့ ရတဲ့ခေတ်လဲ မဟုတ်ပါ
နောက်တစ်ခု ကလေးသဘာဝ ကစားခြင်း ပွဲခိုးကြည့်ခြင်း သည် ကြီးလာတော့ မကစားတော့ဘူးဆိုတာ ဖြစ်နိုင်ပေမဲ့ ငယ်စဉ်ထဲက ကိုင်လာတဲ့ ငွေ ဗုဒ္ဓက အကြောင်းပြချက်မရှိ တားမြစ်ထားတဲ့ ငွေကိုတော့ ငယ်ငယ်ထဲက ကိုင်ခဲ့ရင် ကြီးရင် ပြင်လာမယ်ဆိုတာ ကိုးဆယ်ငါးရာခိုင်နှုန်း မဖြစ်နိုင်တာ တွေ့ရမှာပါ
မယုံရင်လေ့လာပါ ယနေ့နာမည်ကြီးနေတဲ့ သီတဂူ ဒယ်အိုး ရွှေပါရမီ ဆေကိန် ရွှေညဝါ အစရှိတဲ့ ရဟန်းတွေ မဟန ဆရာတွေ ဒေါက်တာဘွဲ့ရတွေသည် သာသနာ့ဘောင် ဝင်ထဲက ငွေကိုင်လတာပါ အခုသေခါနီးကြပါပြီ သာသနာတော်မှာ ဘယ်ခေတ်ကမှ မရှိတဲ့ သာသနာပြုခေါင်းစဉ်နဲ့ ငွေကိုင်နေကြတုန်းပါဘဲ
ကဲဒီတော့ အစက မကောင်းခဲ့တာကို အသက်ကြီးလို့ ကစားတာလောက် ပြင်နိုင်တာကိုများ သာသနာတော်တွက် ကြီးမားတဲ့ ပြုပြင်နိုင်မှုလို့ ထင်မြင် ယူဆပါရင် အခုခါ သီတဂူဆရာတော်နဲ့ မဟန ရဟန်းအိုတွေ မကစားကြတော့တာ ကြီးမားတဲ့ သာသနာ့ အနှစ်ဖြစ်လာတယ်လို့ ဆိုရမလိုပင်
သို့သော် ၎င်းတို့စာတွေသင်ကြားတတ်မြောက်လာကြ တယ်မဟုတ်လားလို့ ဆင်ခြေပေးနိုင်ပါတယ် ဟုတ်ကဲ့ အထူးမပြောလိုပါ ငွေအလှူခံ သာသနာပြုနိုင်ရန်တွက် စာသင်ခြင်းကို ဗုဒ္ဓကဲ့ရဲ့တော်မူတာကိုတော့ သတိထားမိကြမှာပါ
ယနေ့ ဝိနယလိုလားသူများ အဓိကတိုက်ဖျက်နေတာ ငွေကိစ္စဖြစ်ပါတယ် အစမကောင်းရင် အနှောင်းမသေချာ ဆိုတဲ့တိုင်း အစထဲက ဝိနည်းမလေးစား ငွေကိုင်ခဲ့တဲ့ ရဟန်း သေခါနီး အဆုံးထိ မပြင်နိုင်တာ ဖော်ပြပါ နာမည် ကြီးဘုန်းကြီးများကို ကြည့်ရင်သိနိုင်ပါပြီ
ဒီလောက်ဆို ဇတ်ပွဲကိစ္စ သစ်ပင်အနှစ်အကာ ကိစ္စ တွေးနိုင်လောက်ပါပြီ အောက်က ဆက်လေ့လာကြည့် ရအောင်
မူရင်
@@@
ခု​ခေတ်​လည်း
ကိုရင်​ဆိုရင်​ ၁၀၉ ​​​သောသိက္ခာပုဒ်​​တွေ
ရဟန်းဆိုရင်​ ၂၂၇ သွယ်​သောသိက္ခာပုဒ်​​တွေကို
ကြိုးစားလို့​အတတ်​နိုင်​ဆုံးထိန်းသိမ်း​နေကြတာကို​တော့
သတိမပြုကြပဲ
ငါးပါးသီလ​တောင်​မမြဲတဲ့သူ​တွေက
ဝေဖန်​အပြစ်​​ပြော​နေကြသည်​မှာရယ်​စရာကြီးဖြစ်​၏
အကယ်​လို့အမတန်​မှသန့်​ရှင်းတဲ့ အပြစ်​လုံးဝကင်းတဲ့
သံဃအဖွဲ့အစီးမျိုးကိုဖြစ်​လို့ မြင်​လိုတယ်​ဆိုရင်​လည်း
ကိုယ်​တိုင်​သင်္ကန်းဝတ်​ပြီးသာသနာပြု​တော်​မူကြစမ်းပါ
ရဟန်းဖြစ်​နိုင်​တဲ့အင်္ဂါညီညွတ်​သူတိုင်းကို
သာသနာ​တော်​ကြီးကဖိတ်​​ခေါ်​နေပါတယ်
ဖြေရှင်း
@@@
ဒါက အမြဲပြောခဲ့ပါတယ် လူတွေသီလမမြဲတာ အပြစ်ရှိတာ မှန်တယ် ဒါပေမဲ့ သီလထိန်းပါမယ်လို့ ဘယ်သူ့ကိုမှ ဝန်မခံထားကြဘူး
ရဟန်းတွေက သံသရာ ဝဋ်ဆင်းရဲကို ကြောက်လှပါပြီ ဘုရား ဒါကြောင့် ဒီဝဋ်က ထွက်မြောက်အောင် ဗုဒ္ဓအဆုံးတော်တိုင်း ကျင့်ပါမယ်ဘုရား သနားသဖြင့် သာသနာ့ဘောင် ဝင်ခွင့် ပေးသနားတော်မူပါဘုရားလို့ သံဃာ့အလယ်မှာ တောင်းပန်ခဲ့တာဟာ လိမ်ညာခဲ့တာ မဟုတ်ဘူးဆိုရင် အကျင့်ပျက်မှုကို ဆန့်ကျင်နေသူတွေကို အပြစ်ပြောရန်မလိုဘူးထင်ပါတယ်
အခုအကျင့်ပျက်မှုကို ဝေဖန်ထောက်ပြသူတွေကို စော်ကားသူလို့ မြင်နေတာ ဧကန္တ ဒီကိုယ်တော်တွေ ဗုဒ္ဓနဲ့ သံဃာတော်တွေကို လိမ်ပြီးရဟန်းတက်ခဲ့တာလား စဉ်းစားစရာပါ
ကဲဆက်လေ့လာကြည့်ပါ
မူရင်း
@@
အိမ်​ကမိန်းမနဲ့ အားမရလို့
လိုက်​ပွဲ​တွေပါရှာကြံ​နေကြတဲ့သူ​တွေက
တတ်​နိုင်​သ​လောက်​ဝိနည်းသိက္ခာ​တွေထိန်းပြီး​နေထိုင်​​နေကြတဲ့
ရဟန်းသံဃာ​တွေကို အပြစ်​တင်​​နေကြသည်​မှာ အံ့သြမိပါရယ့်
ဖြေရှင်း
###
လူတွေလိုက်ပွဲရှာတာ အပြစ်ရှိတာ မှန်ပါတယ် ဒါပေမဲ့ လူတွေ လိုက်ပွဲရှာတိုင်း ရဟန်းတွေ ရှလို့မရပါဘူး လူတွေက ကိုယ့်ဝမ်းစာ ကိုယ်ရှာစားနေကြတာပါ ရဟန်းတွေက သာသနာ့အကျင့် ကျင့်ရန်ဝန်ခံထား၍ လူတွေက ဆွမ်းဦးကပ်လှူနေရာ လူတွေရဲ့ ဆွမ်းဦးစားပြီး လိုက်ပွဲရှာမရပါ ဒါပေမဲ့ ယနေ့ရဟန်းလောက မိန်းမတွေနဲ့ ဘယ်လောက်ရှုပ်နေသည်ကို အားလုံးအသိပါ
ဒီတော့ လိုက်ပွဲ ရှာချင်ရင်တော့ လူထွက်တာအကောင်းဆုံးပါ
မူရင်း
##
သတ္တိရှိတဲ့ဒကာကြွခဲ့ပါ
အကြမ်းအနု ကား ၆ စီးရှိတယ်
ပစ္စည်းပစ္စယအစုံရှိတယ်
သတ္တိရှိရင်​ ​နေရာချင်းလဲကြတာ​ပေါ့
ဝေဖန်​အပြစ်​တင်​မယ်​ဆိုရင်
နေရာချင်းလဲနိုင် မလဲနိုင်​အရင်​စဉ်းစား
ဒီလိုကိုရင်​​လေး​တွေ​ကြောင့်
ခုလိုဘုရားသံ တရားသံကြား​နေရတယ်​မှတ်​လိုက်
ဖြေရှင်း
@@@
သာသနာ့ဘောင် ဝင်ခြင်းသည် ကားခြောက်စီးနဲ့ ပစ္စည်းအစုံ ရရှိရန် အဓိကမဟုတ်တန်ရာ ဝန်ခံထားတဲ့တိုင်း ကျင့်ရန်အဓိကဖြစ်ကြောင်း သဘော ပေါက်ပါက ဒီကားနဲ့ ပစ္စည်းပေါခြင်းတွက် ရှက်သင့်ပါကြောင်း
အချိန်မရသည့်တွက် မှားယွင်းမှုများ ပါခဲ့ရင် ထောက်ပြနိုင်ပါတယ်
မျိုးဆက်သစ်များ သာသနာဖျက် ဆင်ခြေများကို ဝေဖန်ဆန်းစစ်နိုင်သော ထက်မြက်သည့် အသိတရားများဖြင့် ကျော်လွှး နိုင်ကြပါစေ











No comments:

Post a Comment