ရက်တို ဒုလ္လဘရဟန်းခံမည့်သူများ သိမှတ်ရန်။ အပိုင်း(၂)
ရွှေ၊ ငွေကို မအပ်သောနည်းဖြင့် အလှူမခံပါနှင့် ကိုယ်တိုင်လည်း ကိုင်တွယ် သုံးစွဲခြင်းမျိုး မပြုမိပါစေနှင့်။
(ကပ္ပိယကာရကထံ စနစ်တကျလျှောက်ထား အပ်နှံပုံကို သေသေချာချာလေ့လာမှတ်သားပါ။ ဒါယကာများကို ကြိုတင်သင်ပြပေးထားပါ။)
(ကပ္ပိယကာရကထံ စနစ်တကျလျှောက်ထား အပ်နှံပုံကို သေသေချာချာလေ့လာမှတ်သားပါ။ ဒါယကာများကို ကြိုတင်သင်ပြပေးထားပါ။)
လူ့ဘဝမှာ အသုံးပြုနေကျ အသုံးအဆောင်ပစ္စည်းများကို သေချာစဉ်းစားပြီး လိုလေသေးမရှိအောင် ကြိုတင်စီစဉ်ထားပါ။
အလှူအတန်းဝါသနာပါသူများနှင့် ငွေကြေးတတ်နိုင်သည့် အချို့ပုဂ္ဂိုလ်များသည် ရဟန်းဖြစ်ပြီးကာမှ မိမိနေထိုင်သီတင်းသုံးသော ကျောင်း၏လိုအပ်ချက်များကို မြင်တွေ့လာ၍ မအပ်သောနည်းများဖြင့် စီစဉ်ညွှန်ကြားခြင်းမျိုး ရှိတတ်ကြပါသည်။ (ထို့ကြောင့် မဝတ်မီကတည်းက မိမိဝတ်မည့်ကျောင်း၏ လိုအပ်ချက်များကို ကြိုတင်လေ့လာပါ၊ လူ့ဘဝကတည်းက စီမံဆောင်ရွက်ပါ။ ထိုသို့ အချိန်မရပါက လူထွက်ပြီးချိန်မှ စိတ်ကြိုက်ဖြည့်ဆည်းလှူဒါန်းပါ။)
စားဖွယ် သောက်ဖွယ်မှန်သမျှ အကပ်ခံပြီးမှ ဘုဉ်းပေး သုံးဆောင်ပါ။ (ရေနှင့် ဒန်ပူမှလွဲ၍)ဒန်ပူ=တံပူ
ကာလိက(၄)မျိုးကို သေချာမှတ်သားပြီး ကာလကျော်လွန်ပါက စွန့်ဖြစ်အောင်စွန့်ပါ။
(ဥပမာ။ ။ ယနေ့ အကပ်ခံပြီး မုန့် ခဲဖွယ်များကို နောက်တစ်နေ့တွင် မစားရပါ။ ထို့ကြောင့် မွန်းတည့်ချိန်ကျော်လျှင် စွန့်ပါ။ ယနေ့ အကပ်ခံပြီး အဖျော်ရည်များ နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် စွန့်ပါ။ ထန်းလျက်၊ ပျားရည်၊ စတုမဓု အစရှိသော ဆေးပစ္စည်းများကို အကပ်ခံပြီးသည့်နေ့မှ (၇)ရက်ကျော်လျှင် စွန့်ပါ။)
ထို့ကြောင့် မုန့်၊ ခဲဖွယ်များကို မွန်းမတည့်မီအချိန်အတွင်းတွင်သာ ကုန်နိုင်သလောက် အကပ်ခံပါ။

အရုဏ်တက်ချိန်နှင့် မွန်းတည့်ချိန်ကို သေချာမှတ်သားပါ။
မိမိကိုယ်ပိုင် သပိတ်နှင့် သင်္ကန်းကို အထူးရိုသေစွာသုံးစွဲပါ။
သံဃိကပိုင်ပစ္စည်းများကို သုံးစွဲရာတွင် အထူးဂရုစိုက်၍ ရိုသေစွာဖြင့် အသုံးပြုပါ။
မိမိကိုယ်ပိုင် သပိတ်နှင့် သင်္ကန်းကို အထူးရိုသေစွာသုံးစွဲပါ။
သံဃိကပိုင်ပစ္စည်းများကို သုံးစွဲရာတွင် အထူးဂရုစိုက်၍ ရိုသေစွာဖြင့် အသုံးပြုပါ။
ပစ္စည်း(၄)ပါးသုံးစွဲရာ၌
နေ့စဉ် ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးစွဲပါ။
အလှူရှင်များအား နေ့စဉ် မေတ္တာပို့ပါ။
အလှူရှင်များအား နေ့စဉ် မေတ္တာပို့ပါ။
(ဆက်လက်ဖော်ပြပါမည်။)

No comments:
Post a Comment