ဆရာတော်တွေ ဆွမ်းကပ်ပြီးရင် စာပွဲကို မကိုင်ရဘူးပြောလို့ အဲ့ဒါ ဟုတ်လား အရှင်ဘုရားတို့…
မဟုတ်ပါဘူး၊ စားပွဲကိုပဲကိုင်ကိုင်
ဆွမ်း ဟင်းပန်းကန်တွေကိုပဲကိုင်ကိုင်(သန့်ရှင်းတဲ့လက်နဲ့) အကပ်မပျက်ပါဘူး။
စားဖွယ်တခုခုကို တစ်ဦးဦးကယူသွားပြီး သိမ်းထားလိုက်ပါစေဦး၊ မွန်းမလွဲမချင်း အကပ်မပျက်ပါဘူး။
ဘာမှမဖြစ်ဘူး။ဒါပေမယ့် မိမိရဲ့ လက်က ဖုန်အစရှိတဲ့ အာမိသတခုခုပါသွားရင်တော့ အဲဒီဟင်းခွက်ဟာ အကပ်ပျက်တာပေါ့။အကပ်ပျက်တယ်ဆိုတာထက် မိမိလက်က ပါသွားတဲ့ ဖုန်စတဲ့ အာမိသဟာ မူရင်း ကပ်ပြီးသား ခွက်ပေါ်မှာတင်သွားတဲ့ အတွက် အဲခွက်ကို နှိုက် ဘုဉ်းပေးမိတဲ့အခါ ဖုန်စတဲ့ အာမိသကို အကပ်မခံဘဲ ဘုဉ်းပေးရာရောက်တဲ့ အတွက် အာပတ်သင့်တာပေါ့

No comments:
Post a Comment