Sunday, January 6, 2019

အမှန်

အမှန်

ယော့က်ျားဆိုတာ တစ်ခါ ဆင်းရဲသွားရုံနဲ့
ဘယ်သူက ကိုယ့်ကိုယ်တကယ်ချစ်မှန်း သိသွားတယ်။
မိန်းမဆိုတာ တစ်ခါ ရုပ်ဆိုးသွားရုံနဲ့
ဘယ်သူက ကိုယ့်ကို ခွဲလို့ မရမှန်းသိသွားတယ်။
လူဆိုတာ တစ်ခါလောက် စီးပွားပျက်ကြည့်ရုံနဲ့
ဘယ်သူက ကိုယ့်ကို စေတနာထားမှန်း သိသွားတယ်။
အတူတကွဆိုတာ ငွေကြေးချမ်းသာမှ မဟုတ်ပါ။
တန်ဖိုးထားတယ်ဆိုတာ လှပ ချောမောနေမှ မဟုတ်ပါ။
အချိန်ကြောင့် ကျန်ခဲ့တဲ့ အရာတွေထဲမှာ.. ငွေကြေးမဟုတ်ပါ။ လှပခြင်းလည်း မဟုတ်ပါ။ အစစ်အမှန်အားလုံး ကျန်ခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ၊ မေတ္တာကို မတိုးပွားစေနိုင်ပေမဲ့
စိတ်ထားအစစ်အမှန်ကိုတော့၊ တကယ်စီစစ်သွားပါတယ်။
ငါ့မှာပန်းသီးတစ်လုံးရှိတယ်။
မင်းကိုတစ်ဝက်ကျွေးမယ်၊ ငါတစ်ဝက်စားမယ်၊
ဒါ သူငယ်ချင်းတဲ့။
ငါ တစ်ခြမ်းပဲ ကိုက်မယ်၊ ကျန်တာအားလုံး မင်းကိုပေးမယ်၊
ဒါ အချစ်တဲ့။
ငါ တစ်ချက်မှ မစားရက်ဘူး၊ အားလုံးပဲ ပေးလိုက်မယ်၊
ဒါ မိဘတဲ့။
ငါက ပန်းသီးကို ဖွက်ထားလိုက်မယ်၊
ဗိုက်ဆာပြီဗိုက်ဆာပြီ ဆိုတာလည်း ပါးစပ်က အော်နေမယ်၊
ဒါ လောကကြီးတဲ့...။
Credit: Sayar Aung Ko Latt

No comments:

Post a Comment